Loading content...
Loading content...
VPN server ဆိုတာ အလကားသုံးတိုင်း ကောင်းတာမဟုတ်ဘူးဗျ။ အထူးသဖြင့် ကိုယ့်ရဲ့ အချက်အလက်တွေက တန်ဖိုးရှိတဲ့အခါမှာဆိုရင် free vpn တွေကို မသုံးသင့်ဘူး။ သူတို့က အနဲဆုံး ကိုယ်သွားကြည့်ထားတဲ့ website တွေကိုသိနိုင်သလို အများဆုံး ကြားထဲကနေ ကိုယ်တင်လိုက်တဲ့ပုံတွေ ကိုယ့် email ထဲက attachment တွေကို ကြားကနေယူထားတာမျိုးထိလုပ်နိုင်တယ်။ ဒါကြောင့်ဒီနေ့မှာတော့ ကျနော်ကိုယ်တိုင်အသုံးပြုနေတဲ့ LightNode instance မှာ Outline VPN ထည့်သွင်းပြီး အသုံးပြုနည်းကိုပြောပြသွားမှာပါ။ ကျနော်အနေနဲ့တော့ ကိုယ်ပိုင် VPN server တစ်ခုကို သုံးတာက အကောင်းဆုံးနည်းလမ်းပဲလို့မြင်တယ်။ ကျွန်တော်ကတော့ LightNode ကို ရွေးချယ်ဖြစ်တာက သူတို့ဆီမှာ ဘန်ကောက် (Bangkok) က location ရလို့ပါ။ ကျွန်တော့်အတွက်တော့ latency နည်းပြီး မြန်နှုန်းကောင်းကောင်းတာအပြင် monatization ပွင့်ဖို့လဲပိုအဆင်ပြေတယ်။ ဒီ short guide လေးကတော့ LightNode VPS မှာ Outline VPN ထောင်ဖို့အတွက် ဘာတွေလိုလဲ၊ ဘယ်လိုထည့်သွင်းရမလဲ၊ သိထားသင့်တာလေးတွေ အဆင့်ဆင့် ပြောပြပေးသွားမှာပါ။
Outline VPN ဆိုတာ Google လက်အောက်ခံ Jigsaw ကနေ ဖန်တီးထားတဲ့ open-source VPN solution တစ်ခုပေါ့။ ကိုယ့်ဘာသာကိုယ် VPN server ထောင်ပြီး စီမံခန့်ခွဲလို့ရတာက သူ့ရဲ့ အားသာချက်ပဲ။ တခြား VPN service တွေနဲ့မတူတာက Outline က ကိုယ့်ရဲ့ infrastructure ကို ကိုယ်တိုင် ထိန်းချုပ်ခွင့်ပေးလို့ ပိတ်ဖို့ခက်ခဲသလို သုံးစွဲသူတွေကို လုံလုံခြုံခြုံ စီမံခန့်ခွဲရတာ ပိုလွယ်တယ်။ Outline မှာ အဓိက အစိတ်အပိုင်း နှစ်ခုရှိတယ်: Outline Server (ဒါကိုတော့ ကိုယ့်ရဲ့ VPS မှာ ထည့်ရမယ်) နဲ့ Outline Manager (ဒါကတော့ ကိုယ့် server နဲ့ သုံးစွဲသူတွေကို စီမံခန့်ခွဲဖို့ desktop app လေးပေါ့)။
LightNode ကတော့ ကမ္ဘာလုံးဆိုင်ရာ VPS (Virtual Private Server) hosting ဝန်ဆောင်မှုပေးနေတဲ့ provider တစ်ခုပါ။ flexible ဖြစ်တယ်၊ လိုသလိုချဲ့လို့ရတယ်၊ ဈေးနှုန်းလည်း သင့်တင့်တဲ့ cloud computing service တွေ ပေးတယ်။ သူတို့ရဲ့ VPS တွေက VPN server တွေလိုမျိုး ပေါ့ပေါ့ပါးပါး အသုံးပြုဖို့အတွက် သင့်တော်ပြီး ကမ္ဘာအနှံ့ နေရာစုံမှာ ရရှိနိုင်တယ်။
မစခင်မှာ အောက်ပါအချက်လေးတွေ ပြင်ဆင်ထားဖို့ လိုပါမယ်။
LightNode က သုံးသလောက်ပေး အနေနဲ့ သုံးလို့ရတာလေးကိုသဘောကျတယ် ကျနော်ကိုယ်တိုင်တော့ တစ်လကို အများဆုံး $7.8 လောက်ထိပဲကျတယ်။ တစ်ခါတည်း ငွေအများကြီး ထည့်ဖို့ မလိုဘူး တစ်ခါထည့် $10 လောက်ဆို အေးဆေး သုံးလို့ရတယ် ။
https://www.lightnode.com/?inviteCode=PMWBKF&promoteWay=LINK ဒီ link ကိုအသုံးပြု ပြီးဝယ်ယူနိုင်ပါတယ်။
SSH client ကိုသုံးပြီး ကိုယ့် LightNode VPS ကို ချိတ်ဆက်လိုက်ပါ။
Bash
ssh root@your-lightnode-ip
System packages တွေကို update လုပ်တာက အကောင်းဆုံး လုပ်ဆောင်မှုပါ။
Bash
sudo apt update && sudo apt upgrade -y
Outline VPN က သူ့ရဲ့ server component တွေကို run ဖို့ Docker ကို အားကိုးတယ်။ Docker ကို တရားဝင် script ကိုသုံးပြီး ထည့်သွင်းလိုက်ပါ။
Bash
curl -sS https://get.docker.com/ | sh
Docker service ကို စတင်ပြီး enable လုပ်လိုက်ပါ။
Bash
sudo systemctl start docker
sudo systemctl enable docker
Jigsaw က ပေးထားတဲ့ တရားဝင် Outline ထည့်သွင်းရေး script ကို run လိုက်ပါ။
Bash
sudo bash -c "$(wget -qO- https://raw.githubusercontent.com/Jigsaw-Code/outline-server/master/src/server_manager/install_scripts/install_server.sh)"
ဒီ script က ဘာတွေလုပ်ပေးမလဲဆိုတော့:
ကိုယ့်ရဲ့ local computer မှာ https://getoutline.org ကနေ Outline Manager ကို download လုပ်ပြီး ထည့်သွင်းလိုက်ပါ။
Outline Manager ကို ဖွင့်ပြီး "Set up Outline anywhere" ကို ရွေးလိုက်ပါ။ server ထည့်သွင်းပြီးနောက် ရလာတဲ့ access key (URL) ကို paste လုပ်လိုက်ရုံပဲ။ ဒါဆိုရင် ကိုယ့် Outline Manager က LightNode VPS နဲ့ ချိတ်ဆက်သွားလိမ့်မယ်။
Outline Manager ထဲမှာ ကိုယ့် VPN ကို ချိတ်ဆက်မယ့် device တွေအတွက် access key တွေ ဖန်တီးပြီး စီမံခန့်ခွဲလို့ရပြီ။ key တစ်ခုစီကို သုံးမယ့်သူ ဒါမှမဟုတ် device တစ်ခုချင်းစီနဲ့ မျှဝေလို့ရပါတယ်။
ကိုယ့် VPN ကို ချိတ်ဆက်ချင်တဲ့ device တိုင်းမှာ Outline Client (Windows, macOS, Linux, Android, နဲ့ iOS အတွက် ရနိုင်တယ်) ကို ထည့်သွင်းလိုက်ပါ။ Outline Manager ကပေးတဲ့ access key ကိုသုံးပြီး client ကို ကိုယ့် server နဲ့ ချိတ်ဆက်လိုက်ရုံပါပဲ။
အသေးစိတ် ထပ်သိချင်တာ ဒါမှမဟုတ် ပြဿနာ တစ်ခုခုတက်လို့ ဖြေရှင်းနည်းရှာချင်တယ်ဆိုရင်တော့ တရားဝင် Outline documentation ဖြစ်တဲ့ https://getoutline.org ကို သွားကြည့်နိုင်ပါတယ်။