OpenClaw CheatSheet

TheLaPyaeTheLaPyae
OpenClaw CheatSheet

AI agent တစ်ခုကို server ပေါ်မှာ 24/7 run ချင်တယ်ဆိုရင်၊ ဒီ guide တစ်ခုတည်းနဲ့ အစအဆုံး ပြီးသွားလိမ့်မယ်။

OpenClaw ဆိုတာ မိတ်ဆွေရဲ့ ကိုယ်ပိုင် AI assistant ကို VPS ပေါ်မှာ run ဖို့ အကောင်းဆုံး open-source framework တစ်ခုပဲ။ Telegram, Slack, iMessage, Discord — မိတ်ဆွေနှစ်သက်ရာ channel ကနေ message ပို့ပြီး agent ကို အလုပ်ခိုင်းလို့ရတယ်။

ကျနော် ဒီ post မှာ architecture ကနေ security အထိ၊ CLI commands ကနေ troubleshooting အထိ — မိတ်ဆွေလိုတာအကုန် ထည့်ပေးထားတယ်။ လိုအပ်ရင် Bookmark လုပ်ထားပါ ။ ဒါက မိတ်ဆွေရဲ့ one-stop OpenClaw reference ဖြစ်လိမ့်မယ်။


1. Architecture — OpenClaw ဘယ်လိုအလုပ်လုပ်သလဲ

OpenClaw ရဲ့ architecture က ရိုးရှင်းပါတယ်။ Flow က ဒီလိုပဲ —

You ──▶ Channel ──▶ Gateway ──▶ Agent ──▶ Skill
                        │                    │
                        ▼                    ▼
                     Memory              External APIs

မိတ်ဆွေ message ပို့တယ် → Channel (Telegram, Slack, etc.) ကနေ Gateway ဆီရောက်တယ် → Gateway က Agent ကို assign လုပ်တယ် → Agent က Skill တွေသုံးပြီး အလုပ်ပြီးမြောက်အောင် လုပ်ပေးတယ်။ ဒါပါပဲ။

Component တစ်ခုချင်းစီ ဘာလုပ်သလဲဆိုတာ ဒီမှာကြည့်ပါ။

Componentရှင်းလင်းချက်
Gatewayဗဟိုဦးနှောက် — message တွေ route လုပ်တယ်၊ AI model တွေ call တယ်၊ အကုန်လုံးကို coordinate လုပ်ပေးတယ်။
ws://127.0.0.1:18789
မှာ run တယ်။
ChannelsCommunication တံတားတွေ — iMessage, Slack, WhatsApp, Telegram, Discord, Signal, Teams, WebChat စတာတွေ ချိတ်ဆက်ပေးတယ်။
AgentsAI model instance တွေ — task တွေကို handle လုပ်ပေးတယ်။ ရိုးရှင်းတဲ့ မေးခွန်းတွေကို agent တစ်ခုတည်းက ဖြေပေးပြီး၊ ရှုပ်ထွေးတဲ့ task တွေကတော့ sub-agent တွေ ခွဲထုတ်ပြီး လုပ်ပေးတယ်။
SkillsClawHub ကနေ install လုပ်ရတဲ့ extension တွေ — calendar, email, web search, smart home စတာတွေ ထပ်ပေါင်းထည့်ပေးတယ်။
Memoryအမြဲတမ်း မှတ်ထားပေးတဲ့ knowledge store — facts, preferences, conversation history တွေကို session တွေကြားမှာ မှတ်ပေးထားတယ်။
PluginsLow-level infrastructure — filesystem access, HTTP requests, database queries။ Skills တွေက ဒီ plugins တွေအပေါ်မှာ တည်ဆောက်ထားတာ။
NodesDevice connector တွေ — iOS, Android, macOS device တွေကို ချိတ်ဆက်ပြီး device-specific features တွေ သုံးလို့ရအောင် လုပ်ပေးတယ်။
Pi RuntimeAgent တွေ run တဲ့ sandbox — configured tools နဲ့ skills တွေကို access ရတယ်။
SessionsConversation context တွေ — Q&A တိုတိုလေးတွေအတွက် short session၊ ရက်ကြာ project တွေအတွက် long-running session။
LobsterVisual workflow builder — Zapier နဲ့ဆင်တယ်၊ ဒါပေမယ့် step တိုင်းမှာ AI reasoning ပါတယ်။ Action chain တွေ ဆွဲချိတ်ပြီး automation တည်ဆောက်လို့ရတယ်။

2. Config Files — Agent ရဲ့ ဦးနှောက်နဲ့ စိတ်ဓာတ်ကို ဘယ်မှာ သတ်မှတ်သလဲ

OpenClaw agent တစ်ခုရဲ့ behavior, personality, memory အကုန်လုံးက config files တွေမှာ သတ်မှတ်ထားတာ။ ဒီ files တွေကို နားလည်ရင် agent ကို မိတ်ဆွေလိုချင်တဲ့ ပုံစံအတိုင်း customize လုပ်လို့ရတယ်။

Personality နဲ့ behavior files တွေက

/clawd/
မှာရှိပြီး၊ system config အဓိက file က
/.openclaw/
မှာရှိတယ်။

Fileတည်နေရာဘာအတွက်လဲ
openclaw.json
~/.openclaw/
အဓိက config — API keys, model settings, channel configs, cron jobs အကုန်ပါတယ်
SOUL.md
~/clawd/
Agent ရဲ့ personality — tone, values, ပြောဆိုပုံ၊ behavior guidelines
USER.md
~/clawd/
မိတ်ဆွေအကြောင်း — နာမည်၊ နေရာ၊ preferences, routines၊ agent သိဖို့လိုတဲ့ context
IDENTITY.md
~/clawd/
Agent ရဲ့ နာမည်၊ avatar၊ public-facing identity
MEMORY.md
~/clawd/
Long-term memory — facts, preferences တွေကို session ကူးပြီးတောင် မှတ်ထားပေးတယ်
MESSAGING.md
~/clawd/
Message routing rules — source နဲ့ channel အလိုက် message ကို ဘယ်လို handle လုပ်ရမလဲ
HEARTBEAT.md
~/clawd/
Proactive behaviors — agent က ကိုယ်တိုင် initiate လုပ်တဲ့ scheduled actions နဲ့ check-ins
RULES.md
~/clawd/
Handling rules — specific လူတွေ၊ situations, topics, edge cases အတွက် rules
AGENTS.md
~/clawd/
Workspace guide — sub-agent definitions, delegation rules, multi-agent coordination
TOOLS.md
~/clawd/
Environment notes — available tools, system capabilities, integration details

Config File Priority — ဆုံးဖြတ်ချက်ချတဲ့အခါ ဘာကိုအရင်ကြည့်သလဲ

Agent က ဆုံးဖြတ်ချက်ချတဲ့အခါ ဒီ files တွေကို အစဉ်အတိုင်း ကြည့်တယ်။

  1. RULES.md
    — Hard rules က အမြဲတမ်း ဦးစားပေး
  2. SOUL.md
    — Personality နဲ့ behavior defaults
  3. USER.md
    — မိတ်ဆွေရဲ့ preferences နဲ့ context
  4. MEMORY.md
    — သင်ယူထားတဲ့ facts နဲ့ knowledge
  5. MESSAGING.md
    — Channel အလိုက် routing rules

3. မရှိမဖြစ် CLI Commands — ဒီတွေ မှတ်ထား

OpenClaw ကို terminal ကနေ control လုပ်တယ်။ ဒီ commands တွေက မိတ်ဆွေနေ့တိုင်း သုံးရမယ့်ဟာတွေ။ Copy-paste လုပ်ပြီး သုံးလို့ရအောင် ကျနော် ခွဲထားပေးတယ်။

Install လုပ်ခြင်းနဲ့ Setup

# OpenClaw ကို globally install လုပ်ပါ
npm i -g openclaw

# Onboarding wizard run ပါ — config, API keys, ပထမ channel setup လုပ်ပေးတယ်
openclaw onboard

# Install ဖြစ်မဖြစ် စစ်ပါ
openclaw --version

Gateway ဖွင့်ခြင်းနဲ့ ပိတ်ခြင်း

# Gateway ကို foreground မှာ start လုပ်ပါ
openclaw start

# Background/daemon အနေနဲ့ start လုပ်ပါ
openclaw start --daemon

# Gateway ပိတ်ပါ
openclaw stop

# Gateway restart လုပ်ပါ
openclaw restart

# Gateway run နေမနေ စစ်ပါ
openclaw status

Configuration ပြင်ဆင်ခြင်း

# Config file ကို editor မှာ ဖွင့်ပါ
openclaw config

# လက်ရှိ config ကို ကြည့်ပါ (read-only)
openclaw config --show

# Config value တစ်ခု set လုပ်ပါ
openclaw config set <key> <value>

# Default AI model set လုပ်ပါ
openclaw config set model claude-sonnet-4-6

# API keys setup
openclaw config set anthropicApiKey sk-ant-xxxxx
openclaw config set openaiApiKey sk-xxxxx

Skills — Agent ကို စွမ်းရည်တွေ ထပ်ပေါင်းခြင်း

# ClawHub မှာ ရနိုင်တဲ့ skills တွေ ကြည့်ပါ
openclaw skill list

# Skill တစ်ခု ရှာပါ
openclaw skill search <keyword>

# Skill install လုပ်ပါ
openclaw skill install <skill-name>

# Skill ဖယ်ရှားပါ
openclaw skill uninstall <skill-name>

# Install ထားပြီးသား skills ကြည့်ပါ
openclaw skill installed

# Skills အကုန် update လုပ်ပါ
openclaw skill update

Channels — ချိတ်ဆက်ခြင်း

# ရနိုင်တဲ့ channel types ကြည့်ပါ
openclaw channel list

# Channel အသစ် ထည့်ပါ
openclaw channel add <channel-type>

# Channel ဖယ်ရှားပါ
openclaw channel remove <channel-name>

# Channel connection စစ်ပါ
openclaw channel test <channel-name>

Memory နဲ့ Logs

# မကြာသေးခင် memory entries ကြည့်ပါ
openclaw memory list

# Memory ထဲမှာ ရှာပါ
openclaw memory search <query>

# Memory ရှင်းပါ (သတိထား!)
openclaw memory clear

# Gateway logs ကြည့်ပါ
openclaw logs

# Logs ကို filter လုပ်ပြီး ကြည့်ပါ
openclaw logs --level error
openclaw logs --tail 50

ပြဿနာရှာခြင်း (Diagnostics)

# System diagnostic အပြည့်အစုံ — components, connections, configs အကုန် စစ်ပေးတယ်
openclaw doctor

# AI model connectivity စစ်ပါ
openclaw test model

# Channel တစ်ခု စစ်ပါ
openclaw test channel <channel-name>

4. Channel Quick-Start — Platform တစ်ခုချင်းစီ ချိတ်ဆက်နည်း

OpenClaw ရဲ့ အားသာချက်က channel အမျိုးမျိုးနဲ့ ချိတ်ဆက်နိုင်တာ။ မိတ်ဆွေ Telegram သုံးသလား၊ Discord သုံးသလား၊ iMessage သုံးသလား — ကြိုက်တာနဲ့ ချိတ်လို့ရတယ်။ Channel တစ်ခုချင်းစီရဲ့ config ကို ဒီမှာကြည့်ပါ။

iMessage

macOS မှာ Messages app configure ထားဖို့လိုတယ်။ Shortcuts bridge သုံးတယ်။

{
  "channels": {
    "imessage": {
      "enabled": true,
      "pairedDevices": ["+959xxxxxxxxx"]
    }
  }
}

Slack

api.slack.com/apps မှာ Slack app တစ်ခုဆောက်ပြီး Bot Token ယူပါ။

{
  "channels": {
    "slack": {
      "enabled": true,
      "botToken": "xoxb-your-bot-token",
      "appToken": "xapp-your-app-token",
      "signingSecret": "your-signing-secret"
    }
  }
}

WhatsApp

WhatsApp Business API သို့မဟုတ် community bridges သုံးတယ်။

{
  "channels": {
    "whatsapp": {
      "enabled": true,
      "phoneNumber": "+959xxxxxxxxx",
      "bridge": "whatsapp-web"
    }
  }
}

Telegram

@BotFather ကနေ bot ဆောက်ပြီး token ယူပါ။

{
  "channels": {
    "telegram": {
      "enabled": true,
      "botToken": "123456:ABC-DEF1234ghIkl-zyx57W2v1u123ew11"
    }
  }
}

Discord

discord.com/developers မှာ application ဆောက်ပြီး bot token ယူပါ။

{
  "channels": {
    "discord": {
      "enabled": true,
      "botToken": "your-discord-bot-token",
      "guildId": "your-server-id"
    }
  }
}

Signal

signal-cli bridge သုံးတယ်။ Dedicated phone number လိုတယ်။

{
  "channels": {
    "signal": {
      "enabled": true,
      "phoneNumber": "+959xxxxxxxxx"
    }
  }
}

WebChat

Built-in ပါပြီးသား — external setup မလိုဘူး။ Gateway start လုပ်လိုက်တာနဲ့ သုံးလို့ရပြီ။

http://localhost:18789

5. Security — Agent ကို လုံခြုံအောင် Setup လုပ်နည်း

🔒 Security ကို လျှော့မတွက်ပါနဲ့။ Agent တစ်ခုက မိတ်ဆွေရဲ့ API keys, filesystem, memory ကို access ရတယ်။ ဒီ defaults တွေက safe starting point ဖြစ်တယ်။

Install အသစ်အတွက် recommended safe defaults တွေက ဒီမှာရှိတယ်။ Security Guide ကို အရင်ဖတ်ပြီးမှ ပြင်ပါ။

DM နဲ့ Group Policies

{
  "security": {
    "dmPolicy": "paired-only",
    "groupPolicy": "allowlisted",
    "allowlistedGroups": []
  }
}
PolicySettingဘာကိုဆိုလိုသလဲ
dmPolicy
paired-only
Paired/approved contacts ရဲ့ DMs ကိုပဲ reply ပြန်တယ်
dmPolicy
open
ဘယ်သူပို့ပို့ reply ပြန်တယ် (သတိထားသုံးပါ)
groupPolicy
allowlisted
Allowlist ထဲက groups မှာပဲ reply ပြန်တယ်
groupPolicy
all
Agent ပါတဲ့ group တိုင်းမှာ reply ပြန်တယ်

Sandboxing

{
  "security": {
    "sandboxEnabled": true,
    "allowedPaths": ["~/Documents", "~/Downloads"],
    "networkAccess": "restricted",
    "maxTokensPerRequest": 4096
  }
}

API Key လုံခြုံရေး

  • API keys တွေကို
    openclaw.json
    ထဲမှာပဲ သိမ်းပါ —
    .md
    files ထဲမှာ မထည့်ပါနဲ့
  • Environment variables သုံးလို့လည်းရတယ်:
    ANTHROPIC_API_KEY
    ,
    OPENAI_API_KEY
  • ~/.openclaw/openclaw.json
    ကို version control ထဲ commit မလုပ်ပါနဲ့
  • AI provider dashboards မှာ spending limits set ထားပါ
  • Keys တွေကို ပုံမှန် rotate လုပ်ပါ

Security Checklist — အမြန်စစ်ပါ

ItemSafe Defaultမှားရင် ဘာဖြစ်မလဲ
dmPolicy
paired-only
Agent က လူစိမ်းတွေကို reply ပြန်မယ်
groupPolicy
allowlisted
Agent က မမျှော်လင့်တဲ့ groups မှာ စကားပြောမယ်
sandboxEnabled
true
Agent က filesystem တစ်ခုလုံး access ရမယ်
API key spending limitsSet ထားပါကုန်ကျစရိတ် ထိန်းမရဖြစ်မယ်
Memory accessSession-scopedSession တွေကြား data ပေါက်ကြားမယ်

6. Cron Jobs — Agent ကို အချိန်မှန် အလုပ်ခိုင်းနည်း

Cron jobs ဆိုတာ agent ကို အချိန်မှန် အလုပ်ခိုင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ။ မနက်တိုင်း briefing ပို့ခိုင်း၊ အပတ်စဉ် review လုပ်ခိုင်း၊ ရေသောက်ဖို့ remind လုပ်ခိုင်း — အကုန်လုံး cron နဲ့ setup လုပ်လို့ရတယ်။

Cron jobs တွေကို

openclaw.json
ထဲက
cron
array မှာ define လုပ်တယ်။ Standard cron syntax သုံးတယ်။

Cron Syntax အမြန်ကြည့်

┌────────── minute (0-59)
│ ┌──────── hour (0-23)
│ │ ┌────── day of month (1-31)
│ │ │ ┌──── month (1-12)
│ │ │ │ ┌── day of week (0-7, 0 and 7 = Sunday)
│ │ │ │ │
* * * * *
Patternအဓိပ္ပါယ်
0 7 * * *
နေ့တိုင်း မနက် 7:00 AM
0 7 * * 1-5
Weekdays မနက် 7:00 AM
*/30 * * * *
မိနစ် 30 တိုင်း
0 9 * * 1
တနင်္လာနေ့တိုင်း မနက် 9:00 AM
0 8 1 * *
လတိုင်း ပထမနေ့ မနက် 8:00 AM
0 17 * * 5
သောကြာနေ့တိုင်း ညနေ 5:00 PM

လက်တွေ့ နမူနာများ

ဒီ examples တွေက copy-paste လုပ်ပြီး မိတ်ဆွေရဲ့

openclaw.json
ထဲ ထည့်လို့ရတယ်။ Prompt ကို မိတ်ဆွေလိုချင်တဲ့အတိုင်း ပြင်ပါ။

မနက် briefing (weekdays မနက် 7 AM):

{
  "schedule": "0 7 * * 1-5",
  "prompt": "Deliver my daily briefing: ရန်ကုန် weather, calendar, top tasks, and any overnight alerts.",
  "channel": "telegram"
}

Email triage (weekdays တစ်နေ့ သုံးကြိမ်):

{
  "schedule": "0 8,12,17 * * 1-5",
  "prompt": "Check my inbox for new messages since the last check. Triage by urgency. Draft responses for routine items.",
  "channel": "telegram"
}

အပတ်စဉ် review (သောကြာ ညနေ 5 PM):

{
  "schedule": "0 17 * * 5",
  "prompt": "Weekly review: summarize what I accomplished this week, what's still open, and what's on deck for next week. Check memory for commitments I made.",
  "channel": "telegram"
}

Competitor monitoring (တနင်္လာ မနက် 10 AM):

{
  "schedule": "0 10 * * 1",
  "prompt": "Weekly competitive intelligence: search for news, product updates, and social media activity from [Competitor A], [Competitor B], and [Competitor C] in the past 7 days.",
  "channel": "telegram"
}

ရေသောက်ဖို့ သတိပေး (အလုပ်ချိန်အတွင်း နာရီ 2 နာရီတိုင်း):

{
  "schedule": "0 9,11,13,15,17 * * 1-5",
  "prompt": "Quick reminder: ရေသောက်ပါ။",
  "channel": "telegram"
}

လစဉ် invoice reminder (လတိုင်း ပထမနေ့):

{
  "schedule": "0 8 1 * *",
  "prompt": "It's the first of the month. List all active clients and the invoices I need to send today. Include amounts if I've told you.",
  "channel": "telegram"
}

7. ပြဿနာဖြေရှင်းနည်း — အဖြစ်များတဲ့ issues များ

OpenClaw run ရင်း ပြဿနာတစ်ခုခုတက်ရင် ဒီ section ကို ကြည့်ပါ။ အဖြစ်အများဆုံး issues တွေနဲ့ ဖြေရှင်းနည်းတွေကို ကျနော် စုထားပေးတယ်။

Gateway Start မလုပ်ရ

လက္ခဏာ:

openclaw start
run လိုက်တာနဲ့ ချက်ချင်း ပိတ်သွားတယ်၊ သို့မဟုတ် port conflict error ပြတယ်။

ဖြေရှင်းနည်း:

# Check if something else is using port 18789
lsof -i :18789
# Kill the existing process if needed
kill -9 <PID>
# Or change the port in openclaw.json
openclaw config set port 18790
# Check Node.js version (requires 22+)
node --version

Agent က Message တွေကို Reply မပြန်

လက္ခဏာ: Channel ကနေ message ပို့ပေမယ့် reply ပြန်မလာ။ Gateway ကတော့ run နေတယ်။

ဖြေရှင်းနည်း:

  1. Channel connection စစ်ပါ:
    openclaw channel test 
  2. dmPolicy ကြည့်ပါ:
    paired-only
    ဆိုရင် မိတ်ဆွေရဲ့ number/account က paired list ထဲမှာ ရှိမရှိ စစ်ပါ
  3. Error logs ကြည့်ပါ:
    openclaw logs --level error --tail 20
  4. API key စစ်ပါ:
    openclaw test model
  5. Gateway restart လုပ်ပါ:
    openclaw restart

"Model Not Found" သို့မဟုတ် API Errors

လက္ခဏာ: Model names, rate limits, authentication failures နဲ့ ပတ်သက်တဲ့ errors ပေါ်လာတယ်။

ဖြေရှင်းနည်း:

# Verify your API key is set
openclaw config --show | grep -i apikey
# Test model connectivity
openclaw test model
# Check your provider dashboard for:
# - API key validity
# - Spending limits reached
# - Rate limit status

အသုံးများတဲ့ model names:

  • Anthropic: 
    claude-sonnet-4-6
    claude-opus-4-6
  • OpenAI: 
    gpt-4o
    gpt-4o-mini
  • Google: 
    gemini-2.0-flash
    gemini-2.5-pro

Memory မမှတ်ပေး

လက္ခဏာ: ယခင် session မှာ ပြောထားတာတွေကို agent က မေ့သွားတယ်။

ဖြေရှင်းနည်း:

  1. Check that memory is enabled in config:
{
  "memory": {
    "enabled": true,
    "backend": "local"
  }
}
  1. Verify MEMORY.md exists: 
    ls ~/clawd/MEMORY.md
  2. Check memory manually: 
    openclaw memory list
  3. Restart လုပ်တိုင်း memory clear မဖြစ်အောင် စစ်ပါ — config ထဲမှာ
    clearOnRestart: true
    ရှိမရှိ ကြည့်ပါ

Cron Jobs အလုပ်မလုပ်

လက္ခဏာ: Scheduled tasks တွေ သတ်မှတ်ထားတဲ့ အချိန်မှာ run မလုပ်ဘူး။

ဖြေရှင်းနည်း:

  1. Gateway run နေမနေ စစ်ပါ:
    openclaw status
  2. Cron syntax စစ်ပါ: crontab.guru မှာ validate လုပ်ပါ
  3. Timezone စစ်ပါ: Cron schedules က system timezone သုံးတယ်။
    date
    နဲ့ verify လုပ်ပါ
  4. Cron config JSON valid ဖြစ်မဖြစ် စစ်ပါ: Trailing commas တို့ missing brackets တို့ မရှိဘူးလား
  5. Scheduled time မှာ logs ကြည့်ပါ: Cron fire ရမယ့်အချိန်ပြီးရင်
    openclaw logs --tail 50
    run ပါ
  6. Channel ရှိမရှိ စစ်ပါ: Cron output ပို့ဖို့ channel connected ဖြစ်ရမယ်

API ကုန်ကျစရိတ် မြင့်နေ

လက္ခဏာ: AI provider bill က မျှော်လင့်ထားတာထက် ပိုများတယ်။

ဖြေရှင်းနည်း:

  1. Cron frequency ကို ပြန်စစ်ပါ: Every-minute crons တွေက ကုန်ကျစရိတ်ကို မြန်မြန်တက်စေတယ်။
    /1 * * * *
    တကယ်လိုလား?
  2. maxTokensPerRequest
    ကို security config ထဲမှာ set ပါ — response အရွယ်အစားကို ကန့်သတ်ပေးတယ်
  3. ရိုးရှင်းတဲ့ tasks အတွက် စျေးသက်သာတဲ့ model သုံးပါ: Briefings တွေကို
    gpt-4o-mini
    သို့မဟုတ်
    claude-haiku-4-5
    ဆီ route လုပ်ပါ
  4. Runaway sessions စစ်ပါ:
    openclaw logs | grep "session"
    နဲ့ stuck loops ရှိမရှိ ကြည့်ပါ
  5. Spending limits set ထားပါ — provider dashboards (Anthropic, OpenAI, Google) မှာ

8. Quick Recipes — Copy-Paste လုပ်ပြီး ချက်ချင်း စသုံးလို့ရ

အသစ်စ setup လုပ်ချင်တဲ့သူတွေအတွက် ကျနော် ထည့်ပေးထားတဲ့ ဒီ minimal templates တွေက အကောင်းဆုံး starting point ပါ။ Copy-paste လုပ်ပြီး မိတ်ဆွေရဲ့ အချက်အလက်အတိုင်း ပြင်ပါ။

Minimal SOUL.md

You are my personal assistant. Be concise and direct.
No pleasantries unless I initiate them.
Prefer bullet points over paragraphs.
When uncertain, ask rather than guess.

Minimal USER.md

## About Me
- Name: [နာမည်]
- Location: Yangon, Myanmar
- Timezone: Asia/Yangon
- Work: [Job title] at [Company]
- Communication preference: Brief and direct

Minimal RULES.md

## General Rules
- Never share my personal information with anyone
- If you are unsure about something, ask before acting
- Save important facts I tell you to memory automatically
- When I say "remind me," create a reminder and confirm the time

Minimal openclaw.json (Core Structure)

{
  "model": "claude-sonnet-4-6",
  "anthropicApiKey": "sk-ant-xxxxx",
  "port": 18789,
  "security": {
    "dmPolicy": "paired-only",
    "groupPolicy": "allowlisted",
    "sandboxEnabled": true
  },
  "channels": {
    "telegram": {
      "enabled": true,
      "botToken": "123456:your-bot-token"
    }
  },
  "cron": [
    {
      "schedule": "0 7 * * *",
      "prompt": "Good morning. Deliver my daily briefing.",
      "channel": "telegram"
    }
  ],
  "memory": {
    "enabled": true,
    "backend": "local"
  }
}

9. Model Routing — Task အလိုက် Model အလိုက် သုံးနည်း

OpenClaw က AI provider အမျိုးမျိုးကို တစ်ပြိုင်နက် support လုပ်တယ်။ Task အလိုက် ကုန်ကျစရိတ်နဲ့ စွမ်းရည်အပေါ် မတူညီတဲ့ model ဆီ route လုပ်လို့ရတယ်။ ဒါက ကုန်ကျစရိတ် optimize လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။

သုံးရမယ့် ကိစ္စအကြံပြု Modelဘာကြောင့်လဲ
ရှုပ်ထွေးတဲ့ reasoning
claude-opus-4-6
Nuanced tasks အတွက် အစွမ်းရည်အမြင့်ဆုံး
အထွေထွေ tasks
claude-sonnet-4-6
အရည်အသွေးနဲ့ ကုန်ကျစရိတ် အကောင်းဆုံး သှေမျှတတယ်
အမြန် replies
claude-haiku-4-5
/
gpt-4o-mini
မြန်တယ်၊ စျေးတယ် — ရိုးရှင်းတဲ့ tasks အတွက်
Cron summaries
gpt-4o-mini
ပုံမှန် scheduled tasks အတွက် ကုန်ကျစရိတ်နည်း
Code ရေးခြင်း
claude-sonnet-4-6
Code အရည်အသွေးကောင်းပြီး ကုန်ကျစရိတ်အသင့်

Fallback Configuration

{
  "model": "claude-sonnet-4-6",
  "fallbackModels": ["gpt-4o", "gemini-2.0-flash"],
  "fallbackOnError": true
}

Claude မရရင် OpenClaw က GPT-4o ကို စမ်းမယ်၊ ဒါလည်းမရရင် Gemini ကို စမ်းမယ်။ အကုန်မရမှ fail ဖြစ်မယ်။


10. Environment Variables — API Keys ကို လုံခြုံစွာ သိမ်းနည်း

openclaw.json
ထဲမှာ API keys ထည့်မယ့်စား environment variables သုံးလို့လည်းရတယ်။ Deployment လုပ်တဲ့အခါ၊ version control safety အတွက် အထူးသဖြင့်တယ်။

VariablePurpose
ANTHROPIC_API_KEY
Anthropic (Claude) API key
OPENAI_API_KEY
OpenAI (GPT) API key
GOOGLE_AI_API_KEY
Google (Gemini) API key
OPENCLAW_PORT
Gateway port (default: 18789)
OPENCLAW_HOME
Config directory (default: 
~/.openclaw
)
OPENCLAW_CLAWD
Personality files directory (default: 
~/clawd
)
OPENCLAW_LOG_LEVEL
Logging level: 
debug
info
warn
error

မိတ်ဆွေရဲ့ shell profile ထဲမှာ ဒီလို set လုပ်ပါ:

export ANTHROPIC_API_KEY="sk-ant-xxxxx"
export OPENAI_API_KEY="sk-xxxxx"

သို့မဟုတ်

~/.openclaw/
ထဲမှာ
.env
file နဲ့လည်း သိမ်းလို့ရတယ် (ဒီ file ကို commit မလုပ်ပါနဲ့)။


11. အသုံးဝင် Links များ

ပိုမိုလေ့လာချင်တယ်၊ documentation ဖတ်ချင်တယ်၊ community ထဲမှာ မေးချင်တယ်ဆိုရင် ဒီ links တွေက မိတ်ဆွေရဲ့ starting points ပါ။

အရင်းမြစ်Link
ClawHub (Skills)clawhub.com
Community Discorddiscord.gg/openclaw
Subredditr/OpenClaw