Loading content...
Loading content...

ဒီစာအုပ်က google မှာလုပ်ခဲ့တဲ့ developer ၂ ယောက်ကနေပြီးတော့ ရေးထားတဲ့စာအုပ်ပါ
အလုပ်တွေများလွန်းလှတဲ့လောကကြီးထဲကနေ ကိုယ့်ဘဝကို ဘယ်လိုပြန်လည်ရယူတည်ဆောက်ရမယ်ဆိုတာပြောထားတဲ့စာအုပ်ပါဗျ
စာအုပ်ထဲမှာ အပိုင်းလေးပိုင်းကို အဓိကထားပြီးပြောထားပေးပါတယ်

spoil သလိုမဖြစ်ပဲ ကျနော်နားလည်သလို တုတ်တုတ်ပဲပြောပြလိုက်ပါမယ်
The Daily Highlight - တစ်နေ့တာအရေးအကြီးဆုံးအရာသတ်မှတ်ပါ
တစ်နေ့တာအတွက် အရေးအကြီးအဆုံး ၊ အဓိပ္ပါယ်အရှိဆုံး ဒါမှမဟုတ် စိတ်ကျေနပ်မှု အပေးနိုင်ဆုံး အလုပ်က ဘာလဲဆိုတာ ရွေးချယ်ဆုံးဖြတ်ပါ
တစ်နေ့လုံးနေမှ တစ်ခုပဲပြီးမယ်ဆိုရင် ဘာအလုပ်ကို ငါလုပ်မလဲဆိုတာရွေးချယ်ပါ။
Create Distraction Barrier - အာရုံနောက်မှု ကင်းမဲ့ဇုံဖန်တီးပါ
ကိုယ်အလုပ်လုပ်တဲ့အခါ လာနှောက်ယှက်နိုင်သမျှအရာများကို ကာကွယ်ပါ။ စကားလာပြောမယ့်သူတွေ တက်လာမယ့် noti တွေ ဆူညံသံတွေ ဒါတွေကို ဘယ်လို ကာကွယ်တားဆီးရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ပါ
ဖြစ်နိုင်မယ်ဆို account တွေအားလုံး logout ကျနော်ကတော့ laser focus လုပ်မယ့် မိနစ် ၄၅ ကိုဖုန်းပါပိတ်ပြီး အလွယ်တကူမယူနိုင်တဲ့ နေရာမှာထားပါတယ်
ဆူညံသံတွေအတွက်တော့ earphone နဲ့ စာသားမပါတဲ့ သီချင်းတွေဖွင့်ထားလိုက်ပါတယ်
Live Like A Caveman - ကျောက်ခေတ်လူသားတွေလိုနေပါ
အဝတ်ဗလာနဲ့ နေခိုင်းတာမဟုတ်ဘူးနော် 😄 အသီးအရွက်များများစား ၊ လမ်းများများလျှောက် ညအိပ်ရင် မီးတွေကို ဂူထဲမှာနေသလို ဘာအလင်းမှမရှိအောင်ထားပြီးအိပ်တာမျိုးကို ပြောတာပါ
နေစဉ်ခြေလမ်း ၆၀၀၀ ထက်မနဲလျှောက်သင့်ပါတယ်
Trial and Error Daily - ပြန်လည်ဝေဖန် စမ်းစစ်ပါ
တစ်ရက်တစ်ရက် ကိုယ်ဘာတွေလုပ်လို့ပြီးသလဲ မလုပ်််ပဲနေသလဲဆိုတာ ဘယ်မှာအချိန်ဆွဲနေမိလဲ အစရှိတာတွေကို ပြန်လည်သုံးသပ်နိုင်တဲ့အခါ ကောင်းမွန်တဲ့ ပြောင်းလဲမှုဆိုတာတွေဖြစ်လာနိုင်ပါတယ်ဗျ
စာအုပ်အပြည်အစုံဖတ်ချင်တယ်ဆိုရင်တော့
ကျနော် ဒီမှာ တင်ထားပေးပါတယ် ⬅️