Loading content...
Loading content...

VPS ဝယ်ပြီးပြီ — အခု ဘာလုပ်ရမလဲ? ဒီ guide တစ်ခုတည်းနဲ့ အစအဆုံး setup လုပ်လို့ရပါပြီ။
🛒 VPS မဝယ်ရသေးဘူးလား? → vps-store.thelapyae.com မှာ ဝယ်ယူလို့ ရပါပြီ။ ဝယ်ပြီးတာနဲ့ IP Address, Username, Password, Port ကို ချက်ချင်း ရရှိပါမယ်။
VPS ဆိုတာ ကမ္ဘာပေါ်မှာ 24/7 ဖွင့်ထားတဲ့ သင့်ကိုယ်ပိုင် computer တစ်လုံးပါ။ ဖုန်းကနေ ဖြစ်ဖြစ်၊ laptop ကနေ ဖြစ်ဖြစ် ဘယ်နေရာကနေမဆို ဝင်သုံးလို့ရပါတယ်။
VPS ဝယ်ပြီးတဲ့အခါ အောက်ပါ information ၄ ခုကို ရရှိပါလိမ့်မယ်။
root22 (SSH default port)
Terminal ဖွင့်ပြီး ဒီ command ရိုက်ပါ —ssh root@YOUR_IP_ADDRESS
ပထမဆုံးအကြိမ် ဝင်ရင် Are you sure you want to continue connecting? လို့ မေးပါလိမ့်မယ်။ yes လို့ ရိုက်ပြီး Enter နှိပ်ပါ။ ပြီးရင် password ထည့်ပါ။
💡 Windows သုံးတဲ့သူတွေ — PowerShell (သို့) Termius app ကနေ SSH ဝင်လို့ရပါတယ်။ Mac / Linux ဆိုရင် Terminal ကနေ တိုက်ရိုက်ဝင်လို့ရပါပြီ။ Phone ကနေဆိုရင် Termius app ကို recommend လုပ်ပါတယ်။
VPS အသစ်ဆိုရင် software တွေ outdated ဖြစ်နေနိုင်ပါတယ်။ ပထမဆုံး system ကို update လုပ်ပါ။
sudo apt update && sudo apt upgrade -y
apt update — install လုပ်လို့ရတဲ့ software list အသစ်ကို ဆွဲယူပါတယ်apt upgrade -y — ရှိပြီးသား software တွေကို အသစ်ဆုံး version သို့ update လုပ်ပါတယ်
ဒါကို VPS ဝင်တိုင်း ပထမဆုံး run တဲ့ အလေ့အကျင့် လုပ်ထားပါ။သင့် VPS မှာ RAM 2GB ပဲ ရှိပါတယ်။ RAM မလုံလောက်ရင် server ရပ်သွားနိုင်ပါတယ်။ ဒါကြောင့် storage ထဲက နေရာတစ်ချို့ကို RAM အစားထိုး (Swap) အဖြစ် သတ်မှတ်ပေးရပါမယ်။
Storage 50GB ရှိတဲ့အထဲက 4GB ကို swap အဖြစ်ယူမှာ ဖြစ်ပါတယ်။ လုံလုံလောက်လောက် ကျန်ပါသေးတယ်။
sudo fallocate -l 4G /swapfile
sudo chmod 600 /swapfile
sudo mkswap /swapfile
sudo swapon /swapfile
Server restart လုပ်လည်း swap ရှိနေအောင် — ဒီ line ကို /etc/fstab ထဲ ထည့်ပါ —
echo '/swapfile none swap sw 0 0' | sudo tee -a /etc/fstab
swap file အလုပ်လုပ်လားစစ်ကြည့်ဖို့ —
sudo swapon --show
/swapfile ဆိုပြီး 4G ပြရင် အိုကေပါပြီ။ ✅
sudo apt install -y python3 python3-pip git nano tmux curl wget unzip htop
ဒီ package တစ်ခုချင်းစီက ဘာလုပ်ပေးလဲ ရှင်းပြပါမယ် —
| Package | ရှင်းလင်းချက် |
|---|---|
| python3 | Python programming language — AI tool တွေ၊ script တွေ run ဖို့ လိုအပ်ပါတယ် |
| python3-pip | Python package manager — Python library တွေ install လုပ်ဖို့ သုံးပါတယ် |
| git | GitHub နဲ့ ချိတ်ဆက်ဖို့ — code တွေ clone လုပ်ဖို့၊ project တွေ download ဆွဲဖို့ |
| nano | Terminal ထဲမှာ file တွေ edit လုပ်ဖို့ text editor — အလွယ်ဆုံး editor ပါ |
| tmux | Terminal session ကို background မှာ ဖွင့်ထားလို့ရတယ် — SSH ပြတ်သွားလည်း program မရပ်ဘူး |
| curl | URL ကနေ data ဆွဲယူဖို့ — API တွေ ခေါ်ဖို့ သုံးပါတယ် |
| wget | File တွေ download ဆွဲဖို့ |
| unzip | .zip file တွေ ဖြည်ဖို့ |
| htop | Server ရဲ့ RAM, CPU အသုံးပြုမှုကို real-time ကြည့်ဖို့ — task manager လိုမျိုးပါ |
🎯 tmux ကို သေချာ သုံးပါ။ SSH connection ပြတ်သွားရင် run နေတဲ့ program တွေ ပိတ်သွားပါတယ်။ tmux ထဲမှာ run ထားရင် background မှာ ဆက်အလုပ်လုပ်နေပါလိမ့်မယ်။
tmuxလို့ ရိုက်ပြီး session အသစ်ဖွင့်ပါ။ ပြန်ထွက်ချင်ရင်Ctrl+BပြီးDနှိပ်ပါ။ ပြန်ဝင်ချင်ရင်tmux attachရိုက်ပါ။
သင့်အတွက် VPS ၂ မျိုး ရွေးလို့ရပါတယ် —
📌 ဒီ step က OpenClaw pre-installed VPS ဝယ်ထားတဲ့သူတွေအတွက်ပါ။ Ubuntu Minimal ဝယ်ထားတဲ့သူတွေ ဒီ step ကို ကျော်လို့ရပါတယ်။
OpenClaw (အရင်က ClawdBot / MoltBot) ဆိုတာ AI agent တစ်ခုပါ။ သင့် VPS ပေါ်မှာ 24/7 run ထားပြီး —
OpenClaw ကို install လုပ်ပြီးသားမို့ Gateway ကို start လုပ်ဖို့ပဲ လိုပါတယ်။
openclaw
ပထမဆုံး run ရင် setup wizard တက်လာပါလိမ့်မယ်။ ညွှန်ကြားချက်အတိုင်း AI provider (Anthropic, OpenAI, Gemini) ရွေးပြီး API key ထည့်ပါ။
Gateway start ဖြစ်ပြီးရင် Gateway Token ကို မှတ်ထားပါ — Browser ကနေ login ဝင်ဖို့ လိုပါတယ်။
Browser ဖွင့်ပြီး —
http://YOUR_IP_ADDRESS:4200
Gateway Token ထည့်ပြီး login ဝင်ပါ။ Web UI ကနေ OpenClaw ကို control လုပ်လို့ ရပါပြီ။ ✅
⚠️ အရေးကြီး — Port
4200ကို public internet ပေါ် ဖွင့်ထားတာ security risk ရှိပါတယ်။ ဒါကြောင့် အောက်က Step 6 ကို မဖြစ်မနေ လုပ်ပါ။
OpenClaw ကို internet ပေါ် ဖွင့်ထားတဲ့အခါ security issue တွေ ရှိနိုင်ပါတယ်။ openclaw doctor command က ဒီ issue တွေကို ရှာပြီး fix လုပ်ပေးပါတယ်။
openclaw doctor
Doctor က စစ်ပေးတဲ့ အချက်တွေ —
openclaw security audit
ပိုနက်နဲသွားချင်ရင် —
openclaw security audit --deep
openclaw security audit --fix
--fix က ဘာတွေ ပြင်ပေးလဲ —
open ကနေ allowlist သို့ ပြောင်းပေးတယ် — ခွင့်ပြုထားတဲ့ သူတွေပဲ ဝင်သုံးလို့ရအောင်~/.openclaw folder ကို 700၊ config file ကို 600🛡️ Security Checklist — ဒါတွေ ပြီးအောင် လုပ်ပါ
openclaw doctor run ပြီးပြီopenclaw security audit --fix run ပြီးပြီ| Step | Command | ရည်ရွယ်ချက် |
|---|---|---|
| Login | ssh root@YOUR_IP | VPS ထဲ ဝင်ဖို့ |
| Update | sudo apt update && sudo apt upgrade -y | System update |
| Swap | sudo fallocate -l 4G /swapfile | RAM ဖြည့်ပေးဖို့ |
| Packages | sudo apt install -y python3 git nano tmux ... | လိုအပ်တဲ့ tool တွေ |
| OpenClaw | openclaw | AI agent start |
| Security | openclaw security audit --fix | လုံခြုံရေး ပြင်ဆင် |
🚀 ဒီ guide အတိုင်း setup လုပ်ပြီးရင် သင့် VPS ကို စိတ်ချလက်ချ သုံးလို့ ရပါပြီ။ မေးစရာရှိရင် ဘယ်အချိန်ဖြစ်ဖြစ် message ပို့ပါ။
VPS ဝယ်ဖို့ → vps-store.thelapyae.com