You Can Build With One Phone

လွန်ခဲ့တဲ့ ၁ လလောက်က အဘွားအိမ် ပြန်သွားခဲ့တယ်။ တောရွာလေး။ မီးမမှန်ဘူး။ screentime များနေလို့သဘာဝ နဲ့ထိတွေမယ်ဆိုပြီးထွကလာခဲ့တာ
အေးအေးဆေးဆေး ရပ်ကွက်ထဲလမ်းလျှောက်နေတုန်း ဖုန်းက message ၃ ခု ဝင်လာတယ်။
"Ko La Pyae, website ကျသွားပြီ!"
"Features တွေ အလုပ်မလုပ်ဘူး"
"အဆင်ပြေအောင် ပြန်လုပ်ပေးပါ "
ပြင်ပေးချင်ပါတယ်ဒါပေမယ့် Laptop ကို အိမ်မှာ ထားခဲ့လိုက်တာ။ ဒီနေရာမှာ မီးကလဲပျက်
ပိုဆိုးတာက client တွေက production website အကြောင်းပြောနေတာ။
ဒါပေမယ့် ကျွန်တော် အေးဆေးနေတယ်။ ဘာကြောင့်လဲဆိုတော့...
ကျွန်တော့်မှာ system တစ်ခု ရှိပြီးသား:
- Code အားလုံး GitHub မှာ သိမ်းထားတယ် (private repo)
- Vercel မှာ deploy လုပ်ထားတယ်
- VPS တစ်လုံး ရှိတယ် (24/7 running)
- ဖုန်းမှာ Termius app ထည့်ထားတယ် ဖုန်းဆွဲထုတ်လိုက်တယ်။ Termius ဖွင့်လိုက်တယ်။ VPS ကို SSH ချိတ်လိုက်တယ်။
# GitHub ကနေ code ဆွဲယူ git clone <private-repo> cd project-folder # Bug ရှာပြီး ပြင် nano src/api/users.js # (20 lines ပြင်ခဲ့တယ်) # GitHub ကို push ပြန် git add . git commit -m "Fix API endpoint" git push origin main # Vercel က automatic deployment ဖြစ်သွားတယ်
Total time: 18 minutes။ ဖုန်းတစ်လုံးနဲ့ပဲ။ မီးမရှိတဲ့ တောရွာကနေ။
Client က "Fixed! မင်း ဘယ်မှာလဲ?" လို့ မေးတယ်။ ကျွန်တော် ပြောမပြောဖြစ်မို့ "အဘွားအိမ်မှာပါ" လို့ ပြန်ဖြေလိုက်တယ်။ 😅
သူမသိတာက ကျွန်တော် laptop မရှိဘူး၊ မီးတောင် မရှိဘူး၊ ဖုန်းနှ့ပဲ အဲဒီ အလုပ်တွေ လုပ်ခဲ့တယ်ဆိုတာ။
ဒီနေ့မှာ ကျွန်တော် မျှဝေချင်တာက ဒီ system ပဲ။ ဖုန်းတစ်လုံးနဲ့တောင် professional development environment တစ်ခု ဘယ်လို setup လုပ်မလဲဆိုတာ။
The Truth: Code က ပြဿနာမဟုတ်တော့ဘူး
လွန်ခဲ့တဲ့ ၅ နှစ်က developer ဖြစ်ဖို့ဆိုရင် MacBook Pro တစ်လုံး၊ dual monitor တွေ၊ mechanical keyboard တွေ လိုတယ်လို့ ထင်ခဲ့ဖူးတယ်။
ဒါပေမယ့် ယနေ့ခေတ်မှာ အဲဒါ လုံးဝမမှန်ဘူး။
ဒီနေ့ခေတ်က :
- AI tools တွေက code generation ကို democratize လုပ်ပြီးသား
- Cloud infrastructure က စိတ်ကြိုက် ဘယ်နေရာကမဆို access လုပ်လို့ရပြီ
- Mobile terminals တွေက desktop လောက်ပဲ powerful ဖြစ်နေပြီ ပြဿနာက system thinking ပဲ။
တကယ်လို့ မိတ်ဆွေမှာ system တစ်ခု ချထားနိုင်ပြီဆိုရင်၊ hardware က အရေးမကြီးတော့ဘူး။ ဖုန်းနဲ့ဖြစ်ဖြစ်၊ tablet နဲ့ဖြစ်ဖြစ်၊ internet cafe က computer နဲ့ဖြစ်ဖြစ် အလုပ်လုပ်လို့ရတယ်။
The Developer's Freedom Stack
ကျွန်တော့် system မှာ အဓိက အပိုင်း ၃ ပိုင်း ရှိတယ်:
1. Remote Development Server (VPS)
- ကိုယ့်ရဲ့ code၊ tools၊ environments အားလုံး သိမ်းထားတဲ့နေရာ
- 24/7 running နေတယ်
- ဘယ် device ကနေမဆို access လုပ်လို့ရတယ်
2. AI-Powered CLI Tools
- Claude Code - complex refactoring နဲ့ architecture decisions
- Gemini CLI - quick code generation နဲ့ debugging
- OpenRouter CLI - multiple models တစ်ခါတည်း compare လုပ်ဖို့
- ClawdBot - ကိုယ့်ရဲ့ custom automation workflows
- Kimi CLI - long context tasks တွေအတွက်
3. Mobile-First Terminal Setup
- Termius - SSH/Mosh client for mobile
- Tmux - session persistence (network ပြတ်လည်း session မပျက်)
- GitHub CLI - repo management from terminal
- Vercel CLI - instant deployments
The Complete Setup Guide
အခုမှ စမယ်ဆိုရင် ဒီ steps တွေကို လိုက်လုပ်လိုက်ပါ။ ၁-၂ နာရီအတွင်း setup လုပ်လို့ရတယ်။
Step 1: VPS ရွေးပြီး ဝယ်မယ်
ဘာကြောင့် VPS လဲ?
VPS (Virtual Private Server) ဆိုတာ cloud ပေါ်မှာ ရှိတဲ့ virtual computer တစ်လုံးပဲ။ မိတ်ဆွေရဲ့ ကိုယ်ပိုင် development server ပေါ့။
Recommended Providers:
LightNode VPS (ကျွန်တော် သုံးနေတာ) - Recommended!
- Myanmar မှာတောင် datacenter ရှိတယ် (Yangon VPS available!)
- Singapore, Bangkok, Hong Kong အနီးနားက datacenters များတယ်
- $8.7/month (2GB RAM, 1 CPU, 50GB SSD, 2TB Bandwidth)
- Hourly billing (သုံးသလောက်ပဲ ပေးရတယ်)
- 40+ locations ကမ္ဘာတစ်ဝှမ်း
- Link: https://www.lightnode.com/?inviteCode=PMWBKF&promoteWay=LINK Setup လုပ်ခြင်း:
- Account ဖွင့်ပါ (email verification လိုမယ်)
- "Create Server" သို့မဟုတ် "Deploy New Instance" ကို နှိပ်ပါ
- အောက်ပါ options တွေ ရွေးပါ:
- Location: Singapore (Myanmar နဲ့ အနီးဆုံး)
- OS: Ubuntu 22.04 LTS (stable ဆုံး)
- Plan: 2GB RAM minimum (AI tools တွေ သုံးမှာမို့)
- Authentication: SSH Key (password ထက် လုံခြုံတယ်)
- SSH Key Setup (ဖုန်းကနေ လုပ်နည်း):
- Termius app download လုပ်ပါ (iOS/Android)
- Termius ဖွင့်ပြီး Settings → Keys → Generate New Key
- Public key ကို copy လုပ်ပြီး VPS provider မှာ paste လုပ်ပါ
- "Create" နှိပ်လိုက်ရင် ၂-၃ မိနစ်အတွင်း VPS က ready ဖြစ်သွားမယ် မိတ်ဆွေရလိမ့်မယ့် အချက်အလက်:
IP Address: 138.68.xx.xx Username: root Port: 22
Step 2: VPS ကို ဖုန်းကနေ ချိတ်မယ်
Termius က ဘာလဲ?
Termius ဆိုတာ mobile phone ကနေ SSH connection ချိတ်ဖို့ app တစ်ခုပဲ။ Desktop computer မှာ PuTTY သို့မဟုတ် Terminal သုံးသလို၊ ဖုန်းမှာ Termius သုံးတယ်။
ဘာအတွက် လိုတာလဲ?
မိတ်ဆွေရဲ့ VPS (remote server) ကို ဖုန်းကနေ control လုပ်ဖို့၊ commands တွေ ရိုက်ဖို့။
Termius နဲ့ SSH Connection Setup:
- Termius app ဖွင့်ပါ
- "New Host" ကို tap လုပ်ပါ
- အချက်အလက်တွေ ဖြည့်ပါ:
Alias: My Dev Server Hostname: (မိတ်ဆွေရဲ့ VPS IP) Port: 22 Username: root Key: (အပေါ်မှာ generate လုပ်ခဲ့တဲ့ SSH key)
- Save နှိပ်ပြီး host ကို tap လုပ်ပါ
- ပထမဆုံး connect လုပ်တဲ့အခါ "Are you sure you want to continue?" လို့ မေးမယ်။ Yes ရွေးပါ။ ချိတ်လို့ရပြီဆိုရင် မိတ်ဆွေက Ubuntu terminal ကို မြင်ရမယ်:
Welcome to Ubuntu 22.04.3 LTS root@dev-server:~#
🎉 Congratulations! မိတ်ဆွေမှာ ကိုယ့်ပိုင် cloud server ရပြီ။
Step 3: Mosh Setup လုပ်မယ် (Network ပြတ်လည်း Session မပျက်ဖို့)
Mosh က ဘာလဲ?
Mosh (Mobile Shell) ဆိုတာ SSH ရဲ့ improved version တစ်ခုပဲ။
SSH နဲ့ Mosh ရဲ့ ခြားနားချက်:
- SSH: Internet connection ပြတ်ရင် session ပျက်သွားတယ်။ ပြန်ချိတ်ရင် command history ပါ ပျောက်သွားတယ်။
- Mosh: WiFi ကနေ 4G ကို ပြောင်းလည်း၊ connection ခဏပြတ်လည်း session မပျက်ဘူး။ မိတ်ဆွေ ရိုက်နေတဲ့ commands တွေ ဆက်ရှိနေတယ်။ ဘယ်အချိန်မှာ အရေးကြီးလဲ?
ရထားပေါ်၊ ကားပေါ်၊ coffee shop မှာ internet မတည်ငြိမ်တဲ့နေရာတွေမှာ အလုပ်လုပ်တဲ့အခါ။
VPS မှာ Mosh install လုပ်ခြင်း:
# System update လုပ်ပါ sudo apt update && sudo apt upgrade -y # Mosh install လုပ်ပါ sudo apt install mosh -y # Firewall မှာ Mosh port ဖွင့်ပါ sudo ufw allow 60000:61000/udp
Termius မှာ Mosh enable လုပ်ခြင်း:
- Host settings ကို ပြန်ဝင်ပါ
- "Use Mosh" toggle ကို ဖွင့်ပါ
- Save လုပ်ပါ အခုမှ WiFi ကနေ 4G ကို ပြောင်းလည်း session မပျက်တော့ဘူး။ 🔥
Step 4: Tmux Setup (Session Persistence)
Tmux က ဘာလဲ?
Tmux (Terminal Multiplexer) ဆိုတာ terminal session manager တစ်ခုပဲ။
ဘယ်လို အလုပ်လုပ်လဲ?
သာမန် terminal မှာ connection ပြတ်ရင် မိတ်ဆွေ run နေတဲ့ programs တွေ ပိတ်သွားတယ်။ Tmux သုံးရင် session က background မှာ ဆက်ပြီး run နေတယ်။
Real-world Example:
# မိတ်ဆွေ npm install run နေတယ်ဆိုပါစို့ npm install # 5 minutes ကြာမယ် # ရုတ်တရက် internet ပြတ်သွားရင်: # - Tmux မရှိရင်: npm install ပျက်သွားတယ်၊ အစကနေ ပြန်လုပ်ရမယ် # - Tmux ရှိရင်: npm install က background မှာ ဆက် run နေတယ်၊ ပြန်ချိတ်ရင် ဆက်ရှိနေတယ်
Install Tmux:
sudo apt install tmux -y
Basic Tmux Usage:
# New session ဖွင့်ခြင်း tmux new -s dev # Session ကနေ detach လုပ်ခြင်း (background မှာ run နေမယ်) # Press: Ctrl+B then D # Session list ကြည့်ခြင်း tmux ls # Session ပြန်ဝင်ခြင်း tmux attach -t dev # Session kill လုပ်ခြင်း tmux kill-session -t dev
Pro Tip: Tmux config file လုပ်ထားရင် ပို smooth ဖြစ်တယ်:
# .tmux.conf file ဖန်တီးခြင်း nano ~/.tmux.conf
အောက်ပါကို paste လုပ်ပါ:
# Mouse support set -g mouse on # Start window numbering at 1 set -g base-index 1 # Better colors set -g default-terminal "screen-256color" # Status bar styling set -g status-bg black set -g status-fg white
Save လုပ်ပါ (Ctrl+X, Y, Enter)
Step 5: Development Tools Install လုပ်မယ်
အခု VPS မှာ development လုပ်ဖို့ လိုအပ်တဲ့ tools တွေ install လုပ်မယ်။ တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြပေးမယ်။
Git က ဘာလဲ?
Code တွေရဲ့ changes တွေကို track လုပ်ပြီး manage လုပ်တဲ့ tool တစ်ခု။ Google Docs ရဲ့ "Version History" လိုမျိုးပဲ ဒါပေမယ့် code အတွက်။
ဘာလို့ လိုတာလဲ?
- Code changes တွေကို သိမ်းဖို့
- အရင် version ကို ပြန်ကြည့်ဖို့
- Team နဲ့ collaborate လုပ်ဖို့
- GitHub/GitLab နဲ့ sync လုပ်ဖို့ Git Installation:
# Git install sudo apt install git -y # Version စစ်ကြည့်ခြင်း git --version # Output: git version 2.34.1
Node.js က ဘာလဲ?
JavaScript ကို browser အပြင်မှာ (server-side) run လို့ရအောင် လုပ်ပေးတဲ့ runtime environment တစ်ခု။
npm က ဘာလဲ?
Node Package Manager - JavaScript libraries/packages တွေကို install လုပ်ဖို့ tool တစ်ခု။ Python ရဲ့ pip လို၊ Ubuntu ရဲ့ apt လိုမျိုးပဲ။
ဘာလို့ လိုတာလဲ?
- React, Next.js, Express စတဲ့ JavaScript frameworks တွေ သုံးဖို့
- npm packages တွေ install လုပ်ဖို့
- Modern web development အတွက် မဖြစ်မနေ လိုတယ် Installation:
# Node.js 20 (LTS version) install curl -fsSL https://deb.nodesource.com/setup_20.x | sudo -E bash - sudo apt install nodejs -y # Version စစ်ကြည့်ခြင်း node --version # Output: v20.11.0 npm --version # Output: 10.2.4
Python က ဘာလဲ?
Programming language တစ်ခု။ AI/ML, automation, scripting အတွက် များများသုံးတယ်။
pip က ဘာလဲ?
Python Package Installer - Python libraries တွေ install လုပ်ဖို့ tool။
ဘာလို့ လိုတာလဲ?
- Python scripts တွေ run ဖို့
- AI CLI tools တချို့က Python နဲ့ ရေးထားတယ်
- Automation scripts တွေ လုပ်ဖို့ Installation:
# Python & pip install sudo apt install python3 python3-pip -y # Version စစ်ကြည့်ခြင်း python3 --version # Output: Python 3.10.12 pip3 --version # Output: pip 22.0.2
Build Essential က ဘာလဲ?
C/C++ compiler နဲ့ development tools တွေ ပါဝင်တဲ့ package။
ဘာလို့ လိုတာလဲ?
အချို့ npm packages တွေက native code compile လုပ်ဖို့ လိုတယ်။ ဒါမှ install လုပ်တဲ့အခါ error မတက်ဘူး။
Installation:
sudo apt install build-essential -y
GitHub CLI (gh) က ဘာလဲ?
GitHub ကို terminal ကနေ အသုံးပြုလို့ရအောင် လုပ်ပေးတဲ့ official tool တစ်ခု။
ဘာတွေ လုပ်လို့ရလဲ?
-
Repository တွေ clone/create/manage လုပ်ခြင်း
-
Private repos တွေကို လွယ်လွယ်ကူကူ access လုပ်ခြင်း
-
Issues, Pull Requests တွေကို terminal ကနေ manage လုပ်ခြင်း
-
Browser မဖွင့်ဘဲ GitHub authentication လုပ်ခြင်း ဘာလို့ browser မဟုတ်ဘဲ CLI သုံးလဲ?
-
ဖုန်းမှာ browser interface က မသက်သာဘူး
-
Commands တွေက မြန်တယ်
-
Scripts/automation တွေ လုပ်လို့ရတယ် GitHub CLI Setup:
# GitHub CLI install curl -fsSL https://cli.github.com/packages/githubcli-archive-keyring.gpg | sudo dd of=/usr/share/keyrings/githubcli-archive-keyring.gpg echo "deb [arch=$(dpkg --print-architecture) signed-by=/usr/share/keyrings/githubcli-archive-keyring.gpg] https://cli.github.com/packages stable main" | sudo tee /etc/apt/sources.list.d/github-cli.list > /dev/null sudo apt update sudo apt install gh -y # Version စစ်ကြည့်ခြင်း gh --version # Output: gh version 2.40.1
GitHub Authentication Setup (အရေးကြီးဆုံး!):
# GitHub login လုပ်ခြင်း gh auth login
မေးခွန်းတွေ ပေါ်လာမယ်။ ဒီလို ဖြေပါ:
1. What account do you want to log into?
> GitHub.com
2. What is your preferred protocol for Git operations?
> HTTPS
(HTTPS က SSH key setup မလိုဘဲ သုံးလို့ရတယ်)
3. Authenticate Git with your GitHub credentials?
> Yes
4. How would you like to authenticate?
> Login with a web browser
5. One-time code ပေါ်လာမယ်:
First copy your one-time code: XXXX-XXXX Press Enter to open github.com in your browser...
ဖုန်းက browser နဲ့ https://github.com/login/device သွားပြီး code ထည့်လိုက်ပါ။
Authentication Success ဖြစ်ရင်:
✓ Authentication complete. ✓ Logged in as yourusername
Private Repository Access Test:
# မိတ်ဆွေရဲ့ private repos တွေ list ကြည့်ခြင်း gh repo list --limit 5 # Private repo clone လုပ်ကြည့်ခြင်း gh repo clone yourusername/your-private-repo
အဆင်ပြေရင် private repos တွေ အကုန် access လုပ်လို့ရပြီ! 🎉
Step 6: AI CLI Tools Install လုပ်မယ်
AI tools တွေက ဒီ setup မှာ optional ပါ။ ဒါပေမယ့် code generation, debugging မှာ အရမ်း အသုံးဝင်တယ်။
Claude Code က ဘာလဲ?
Anthropic ရဲ့ Claude AI model ကို terminal ကနေ သုံးလို့ရအောင် လုပ်ပေးတဲ့ CLI tool။
ဘာတွေ လုပ်လို့ရလဲ?
- Code generation ("React form component ရေးပေး" လို့ မေးလို့ရတယ်)
- Code review & refactoring suggestions
- Bug debugging help
- Architecture decisions အကြံပြုချက်များ Installation:
# Claude Code install npm install -g @anthropic-ai/claude-cli # Version check claude --version
API Key Setup:
- console.anthropic.com မှာ account ဖွင့်ပါ
- API Keys section မှာ new key create လုပ်ပါ
- API key ကို VPS မှာ configure လုပ်ပါ:
# API key ကို environment variable အဖြစ် သိမ်းခြင်း export ANTHROPIC_API_KEY="sk-ant-xxxxx" # Permanent လုပ်ဖို့ .bashrc မှာ ထည့်ခြင်း echo 'export ANTHROPIC_API_KEY="sk-ant-xxxxx"' >> ~/.bashrc source ~/.bashrc
Usage Example:
claude "Write a React component with email validation"
Gemini CLI က ဘာလဲ?
Google ရဲ့ Gemini AI model ကို terminal ကနေ သုံးတဲ့ tool။
Claude နဲ့ ဘာခြားလဲ?
- Gemini က free tier ရှိတယ် (60 requests/minute)
- Quick code generation အတွက် မြန်တယ်
- Google services တွေနဲ့ integration ကောင်းတယ် Installation:
# Gemini CLI install npm install -g @google/generative-ai-cli # Verify installation gemini --version
API Key Setup:
- makersuite.google.com/app/apikey မှာ API key ယူပါ
- Configure:
export GOOGLE_API_KEY="your-api-key-here" echo 'export GOOGLE_API_KEY="your-api-key-here"' >> ~/.bashrc
Usage:
gemini "Debug this error: TypeError: Cannot read property 'map' of undefined"
OpenRouter က ဘာလဲ?
Multiple AI models တွေ (Claude, GPT-4, Gemini, etc.) ကို single API နဲ့ သုံးလို့ရအောင် လုပ်ပေးတဲ့ service။
ဘာလို့ သုံးလဲ?
- Model တစ်ခုချင်းစီ API key မယူချင်ရင်
- Models တွေရဲ့ responses တွေကို compare လုပ်ချင်ရင်
- Cost-effective ဖြစ်တယ် (pay-as-you-go) Installation:
# OpenRouter CLI install (Python-based) pip3 install openrouter-cli # Verify openrouter --version
Setup:
# Get API key from openrouter.ai export OPENROUTER_API_KEY="sk-or-xxxxx" echo 'export OPENROUTER_API_KEY="sk-or-xxxxx"' >> ~/.bashrc
မိတ်ဆွေမှာ ကိုယ်ပိုင် automation tools ရှိရင် (ClawdBot လိုမျိုး):
# Private repo ကနေ clone gh repo clone yourusername/your-tool cd your-tool # Dependencies install npm install # Global command အဖြစ် link လုပ်ခြင်း npm link # အခု terminal ဘယ်နေရာကမဆို သုံးလို့ရပြီ your-tool --help
Step 7: Vercel CLI Setup (Instant Deployments)
Vercel က ဘာလဲ?
Modern web applications တွေကို host လုပ်တဲ့ cloud platform တစ်ခု။ Netlify နဲ့ ဆင်တယ်။
ဘာကြောင့် Vercel သုံးလဲ?
- Git integration: GitHub ကို push လုပ်လိုက်ရုံနဲ့ automatic deployment
- Zero config: Next.js, React, Vue အားလုံး အလိုလိုသိတယ်
- Instant previews: တစ်စက္ကန့်အတွင်း live URL ရတယ်
- Free tier: Hobby projects အတွက် လုံလောက်တယ်
- Global CDN: Fast loading everywhere Real-world use case:
မိတ်ဆွေ code ကို GitHub မှာ push လုပ်လိုက်ရုံနဲ့ Vercel က automatic ယူပြီး deploy လုပ်ပေးတယ်။ ဒါကြောင့် အဘွားအိမ်က bug fix လုပ်ပြီး push လုပ်လိုက်တာနဲ့ website က live ပြန်ရတာ။
# Vercel CLI install npm install -g vercel # Version check vercel --version # Output: Vercel CLI 33.0.1
Login & Authentication:
# Login command vercel login
မိတ်ဆွေ့ email ကို ရိုက်ထည့်ဖို့ မေးမယ်:
Vercel CLI 33.0.1 > Log in to Vercel Enter your email: youremail@example.com
Email ပို့လိုက်မယ်။ ဖုန်းက email app နဲ့ verification link ကို နှိပ်လိုက်ပါ။
Login Success:
✓ Email confirmed ✓ Logged in as youremail@example.com
Test deployment:
# Sample project create လုပ်ခြင်း mkdir test-app cd test-app echo "<h1>Hello from my phone!</h1>" > index.html # Deploy လုပ်ခြင်း vercel --prod
၂-၃ စက္ကန့်အတွင်း live URL ရမယ်။ 🚀
Step 8: Terminal Text Editors
VPS မှာ code edit လုပ်ဖို့ terminal-based editor တစ်ခု လိုမယ်။ ရွေးစရာ ၂ ခု ရှိတယ်။
Nano က ဘာလဲ?
သုံးရလွယ်ဆုံး terminal text editor။ Windows Notepad လို simple ပဲ။
ဘာလို့ Nano ကို recommend လုပ်လဲ?
- ဖုန်းမှာ သုံးရလွယ်တယ်
- Shortcuts တွေ screen အောက်မှာ ပြပေးတယ်
- Learning curve မရှိဘူး
- Quick edits အတွက် perfect Basic Usage:
# File တစ်ခု ဖွင့်ခြင်း/ဖန်တီးခြင်း nano filename.js
Nano Keyboard Shortcuts:
Ctrl + O = Save (Write Out) Ctrl + X = Exit Ctrl + K = Cut line Ctrl + U = Paste Ctrl + W = Search Ctrl + \ = Replace Ctrl + _ = Go to line number
Example - Editing a file:
# config.js file ကို edit လုပ်မယ် nano config.js # Edit လုပ်ပြီးရင်: # 1. Ctrl + O (save) # 2. Enter (confirm filename) # 3. Ctrl + X (exit)
Vim က ဘာလဲ?
Powerful terminal editor၊ ဒါပေမယ့် learning curve ရှိတယ်။
ဘယ်အချိန်မှာ သုံးလဲ?
- Large files edit လုပ်တဲ့အခါ
- Complex find/replace operations
- Vim ကို အရင်ကတည်းက သုံးဖူးရင် Installation:
sudo apt install vim -y
Vim Survival Guide:
# File ဖွင့်ခြင်း vim filename.js # အခု "Normal mode" မှာ ရှိနေတယ် # Type မရသေးဘူး # Insert mode ကို ဝင်ခြင်း (type လို့ရဖို့) i # Insert at cursor A # Insert at end of line o # New line below # Edit လုပ်ပြီးရင် Normal mode ပြန်ထွက်ခြင်း Esc # Press Escape key # Save & Exit :w # Save :q # Quit :wq # Save and quit :q! # Quit without saving # Search /keyword # Search forward n # Next match N # Previous match
Nano vs Vim - ဘယ်ဟာကို သုံးမလဲ?
| Feature | Nano | Vim |
|---|---|---|
| Learning curve | Easy (5 min) | Hard (days/weeks) |
| Mobile-friendly | ✅ Very | ⚠️ Difficult |
| Quick edits | ✅ Perfect | ❌ Slow |
| Large files | ⚠️ Okay | ✅ Fast |
| Recommendation | Beginners | Vim users only |
My advice: Nano နဲ့ စပါ။ ဖုန်းမှာ Vim က တကယ့် challenging ဖြစ်တယ်။
Real World Workflow Example
အခု setup တွေ လုပ်ပြီးသွားပြီဆိုရင် တကယ့် workflow က ဘယ်လို ဖြစ်မလဲ။
Scenario: Client က landing page တစ်ခု လုပ်ပေးဖို့ မှာလာတယ်။
Step 1: Project Setup (2 minutes)
ဖုန်းကနေ Termius ဖွင့်ပြီး VPS ကို ချိတ်မယ်:
tmux new -s client-landing mkdir ~/projects/client-landing cd ~/projects/client-landing
Step 2: AI-Assisted Scaffolding (3 minutes)
# Gemini CLI သုံးပြီး structure အကြံပြုချက် ယူမယ် gemini "Create a modern landing page structure with React and Tailwind. List files and folder structure." # Claude နဲ့ component code များ generate လုပ်မယ် claude-code "Generate a hero section component with email capture form, using Tailwind CSS"
Step 3: Code & Iterate (15 minutes)
# Files create လုပ်ပြီး AI ပေးတဲ့ code ကို paste လုပ်မယ် nano src/components/Hero.jsx # (AI ပေးတဲ့ code paste လုပ်ပါ) # Immediate testing with Vercel vercel dev --listen 0.0.0.0:3000
ဖုန်းရဲ့ browser မှာ preview ကြည့်လို့ရပြီ။
Step 4: Deploy (1 minute)
# Git commit git add . git commit -m "Initial landing page" # Deploy to production vercel --prod
Live URL ရပြီ။ Client ကို ပို့လိုက်ပါ။
Total time: 21 minutes, ဖုန်းတစ်လုံးနဲ့ပဲ။
Common Issues & Solutions
Issue 1: SSH Connection Timeout
Problem: Connection ဖြတ်နေတယ်
Solution:
# VPS မှာ SSH config ပြင်ခြင်း sudo nano /etc/ssh/sshd_config # အောက်ပါ lines တွေ ထည့်ပါ ClientAliveInterval 60 ClientAliveCountMax 3 # SSH service restart sudo systemctl restart ssh
Issue 2: Out of Memory
Problem: AI tools တွေ run တဲ့အခါ memory ပြည့်နေတယ်
Solution:
# Swap file ဖန်တီးခြင်း (2GB) sudo fallocate -l 2G /swapfile sudo chmod 600 /swapfile sudo mkswap /swapfile sudo swapon /swapfile # Permanent လုပ်ခြင်း echo '/swapfile none swap sw 0 0' | sudo tee -a /etc/fstab
Issue 3: Slow npm install
Problem: Package install တွေ နှေးနေတယ်
Solution:
# npm registry ပြောင်းခြင်း (Alibaba mirror) npm config set registry https://registry.npmmirror.com
Cost Breakdown
အရင်ဆုံး သိချင်တာက ဘယ်လောက် ကုန်ကျမလဲဆိုတာပေါ့။
Monthly Costs:
| Item | Cost | Note |
|---|---|---|
| • VPS (LightNode 2GB) $8.7 ဒါတစ်ခုတည်းပဲ မဖြစ်မနေ လိုတယ် | ||
| Termius Pro (optional) | $10 | Free version လည်း အဆင်ပြေတယ် |
| Claude API | ~$5 | သုံးသလောက်ပဲ |
| Gemini API | Free | 60 requests/minute free tier |
| GitHub | Free | Public repos free |
| Vercel | Free | Hobby tier အတွက် |
Total: $8.7 - $23.7 per month
ဘာရလဲ:
- 24/7 development server
- Unlimited projects
- Professional workflow
- Freedom to work from anywhere Compare to: MacBook Pro M3 ($1,999) သို့မဟုတ် gaming laptop ($1,500)
The Mindset Shift
ဒီ system ရဲ့ အရေးကြီးဆုံး benefit က hardware freedom မဟုတ်ဘူး။
အရေးကြီးဆုံးက mindset shift ပဲ:
-
Problem solving > Tool collecting
-
မိတ်ဆွေ ပိုင်ဆိုင်တဲ့ tools တွေက အရေးမကြီးဘူး။ Problem ကို ဘယ်လို approach လုပ်မလဲဆိုတာက အရေးကြီးတယ်။
-
System thinking > Ad-hoc solutions
တစ်ခါတစ်ရံ ဖြေရှင်းမယ့်အစား၊ repeatable system တစ်ခု တည်ဆောက်ပါ။ -
Accessibility > Perfection
Perfect setup ထက် accessible setup က ပို အရေးကြီးတယ်။ အမြဲရနေတဲ့ ဖုန်းနဲ့ ဘာတွေ လုပ်နိုင်မလဲ? -
Constraints breed creativity
ကန့်သတ်ချက်တွေက တီထွင်ဆန်းသစ်မှုကို မွေးဖွားပေးတယ်။ Resource အကန့်အသတ် ရှိမှ ပိုကောင်းတဲ့ solutions တွေ ထွက်လာတတ်တယ်။
Security Best Practices
VPS သုံးတဲ့အခါ security က အရေးကြီးတယ်:
1. SSH Key Authentication သာ သုံးပါ
# Password authentication ပိတ်ခြင်း sudo nano /etc/ssh/sshd_config # ဒီ line ကို ပြင်ပါ PasswordAuthentication no # Restart SSH sudo systemctl restart ssh
2. Firewall Setup လုပ်ပါ
# UFW enable လုပ်ခြင်း sudo ufw allow 22/tcp # SSH sudo ufw allow 60000:61000/udp # Mosh sudo ufw enable # Status ကြည့်ခြင်း sudo ufw status
3. Auto Security Updates
sudo apt install unattended-upgrades -y sudo dpkg-reconfigure --priority=low unattended-upgrades
4. Fail2Ban Install (Brute force protection)
sudo apt install fail2ban -y sudo systemctl enable fail2ban sudo systemctl start fail2ban
Advanced Tips
Tip 1: Multiple AI Models တစ်ပြိုင်နက် သုံးခြင်း
Script တစ်ခု ရေးလိုက်ပါ:
nano ~/scripts/ask-all.sh
Content:
#!/bin/bash QUESTION="$1" echo "=== Claude ===" claude-code "$QUESTION" echo -e "\n=== Gemini ===" gemini "$QUESTION" echo -e "\n=== Comparison Done ==="
Make executable:
chmod +x ~/scripts/ask-all.sh echo 'export PATH="$HOME/scripts:$PATH"' >> ~/.bashrc source ~/.bashrc
Usage:
ask-all.sh "How to optimize React performance?"
Tip 2: Quick Project Templates
# Create templates directory mkdir ~/templates # React template cd ~/templates npx create-next-app nextjs-template cd nextjs-template # Setup your preferred configs, remove git rm -rf .git # Use template cp -r ~/templates/nextjs-template ~/projects/new-project
Tip 3: Git Aliases for Speed
git config --global alias.co checkout git config --global alias.br branch git config --global alias.ci commit git config --global alias.st status git config --global alias.unstage 'reset HEAD --' git config --global alias.last 'log -1 HEAD' git config --global alias.visual 'log --oneline --graph --all' # Now use: git st # instead of git status git ci -m "message" # instead of git commit
The Real Competitive Advantage
ဒီ system က competition မဟုတ်ဘူး၊ liberation ပဲ။
Traditional Developer:
-
Office မှာပဲ အလုပ်လုပ်နိုင်တယ်
-
Laptop မရှိရင် အလုပ်မလုပ်နိုင်ဘူး
-
Setup ပျက်ရင် တစ်နေ့လုံး lost productivity System-Thinking Developer:
-
Coffee shop၊ ရထားထဲ၊ အိမ်၊ ဘယ်နေရာမှာမဆို အလုပ်လုပ်နိုင်တယ်
-
Device တစ်ခု ပျက်လည်း အခြား device နဲ့ ချက်ချင်း ဆက်လုပ်လို့ရတယ်
-
Setup က cloud ပေါ်မှာ ရှိနေတယ်၊ ဘယ်တော့မှ မပျောက်ဘူး အရေးအကြီးဆုံး advantage:
System ချနိုင်တဲ့သူက ခိုင်းနိုင်တဲ့သူပဲ။ Code ရေးတတ်တာထက် system တည်ဆောက်တတ်တာက ပိုအရေးကြီးတယ်။
ဘာကြောင့်လဲဆိုတော့ AI က code ကို ရေးပေးပြီးသား။ ဒါပေမယ့် architecture ကို၊ system thinking ကို၊ ဘယ် tool ကို ဘယ်အချိန်မှာ ဘယ်လို သုံးမလဲဆိုတာကို AI က မဆုံးဖြတ်ပေးနိုင်သေးဘူး။
အဲဒါက မိတ်ဆွေရဲ့ job ပဲ။
Your 48-Hour Challenge
သီအိုရီ လေ့လာပြီးပြီ။ အခု လက်တွေ့ လုပ်ချိန်ရောက်ပြီ။
Next 48 hours မှာ ဒီ ၃ ခု လုပ်ပါ:
Day 1 (Today):
- VPS ဝယ်ပြီး setup လုပ်ပါ (1 hour)
- Provider ရွေးပါ (LightNode recommended)
- Ubuntu install လုပ်ပါ
- SSH connection test လုပ်ပါ
- Essential tools install လုပ်ပါ (30 minutes)
- Git, Node.js, Python
- GitHub CLI login
- Tmux setup
- First project deploy လုပ်ပါ (30 minutes)
- Simple HTML page
- Vercel ကနေ deploy
- Live URL ရဖို့
Day 2 (Tomorrow):
- AI tools စမ်းကြည့်ပါ (1 hour)
- Claude သို့မဟုတ် Gemini API key ရပါ
- CLI tool install လုပ်ပါ
- Simple code generation test လုပ်ပါ
- Mobile workflow optimize လုပ်ပါ (30 minutes)
- Termius မှာ snippets/scripts သိမ်းပါ
- Mosh setup လုပ်ပါ
- Shortcuts တွေ ဖန်တီးပါ
- Real project တစ်ခု လုပ်ကြည့်ပါ (1-2 hours)
-
မိတ်ဆွေ လုပ်ချင်တဲ့ side project တစ်ခု ရွေးပါ
-
VPS ပေါ်မှာ setup လုပ်ပါ
-
Deploy လုပ်ပြီး သူငယ်ချင်းတွေကို share လုပ်ပါ Success Criteria:
-
VPS ကို ဖုန်းကနေ ချိတ်နိုင်ပြီ
-
Git commands တွေ သုံးနိုင်ပြီ
-
Project တစ်ခု live deployment လုပ်နိုင်ပြီ
-
AI tool နဲ့ code generate လုပ်ကြည့်ပြီ
Reflection Questions
ဒီ post ကို ဖတ်ပြီးတဲ့အခါ မင်းကိုယ်မင်း မေးကြည့်ပါ:
1. မိတ်ဆွေရဲ့ current setup က မိတ်ဆွေကို ဘာတွေ ကန့်သတ်နေသလဲ?
Hardware ရှိမှသာ အလုပ်လုပ်နိုင်တဲ့ dependency က မိတ်ဆွေကို ဘယ်လောက် နှေးကွေးစေနေသလဲ?
2. System thinking ကို မိတ်ဆွေ ဘယ်နေရာတွေမှာ apply လုပ်နိုင်မလဲ?
အခု tutorial က VPS setup အကြောင်းပဲ။ ဒါပေမယ့် "system ချတတ်မယ်" ဆိုတဲ့ principle က မိတ်ဆွေရဲ့ လုပ်ငန်းနဲ့ ဘဝရဲ့ ဘယ် areas တွေမှာ သုံးနိုင်မလဲ?
3. Freedom က မိတ်ဆွေအတွက် ဘာကို ဆိုလိုသလဲ?
Geographic freedom လား၊ time freedom လား၊ financial freedom လား? မိတ်ဆွေ တည်ဆောက်နေတဲ့ systems တွေက မိတ်ဆွေကို အဲဒီ freedom ဆီ ပို့ဆောက်နေရဲ့လား?
Closing Thoughts
အစက ငါ အဘွားအိမ်မှာ မီးမရှိဘူး laptop မရှိဘူး ဖုန်းနဲ့ပဲ website ပြန် fix လုပ်ခဲ့တဲ့ story ပြောခဲ့တယ်။
အဲဒါ ရုံရုံ survival story မဟုတ်ဘူး။ အဲဒါက proof of concept ပဲ။
Proof that:
- Tools ရဲ့ အရွယ်အစား က အရေးမကြီးဘူး
- System design က အရေးကြီးတယ်
- Constraints က opportunities ဖြစ်နိုင်တယ်
- မိတ်ဆွေမှာ လုပ်ချင်တဲ့ စိတ်ရှိရင် ဖုန်းတစ်လုံးတောင်လုံလောက်တယ် The real question is not:
"ငါ့မှာ လုံလောက်တဲ့ hardware ရှိလား?"
The real question is:
"ငါ့မှာ ရှိပြီးသား resources တွေနဲ့ ဘယ်လို system တွေ တည်ဆောက်နိုင်မလဲ?"
What's Next?
ဒီ setup က starting point ပဲ။
အဲဒီကနေ မိတ်ဆွေ ဆက်သွားနိုင်တာတွေ:
-
Docker & Containerization
Environments တွေကို isolate လုပ်ပြီး multiple projects တစ်ပြိုင်နက် run ပါ -
CI/CD Pipelines
GitHub Actions နဲ့ automatic testing နဲ့ deployment setup လုပ်ပါ -
Custom AI Agents
မင်းရဲ့ ကိုယ်ပိုင် workflow အတွက် specialized agents တွေ ဖန်တီးပါ -
Team Collaboration
Team members တွေကို shared development environments ပေးပါ -
Multiple VPS Orchestration
Production, staging, development environments တွေ သီးခြား ထားပါ
ဒီအကြောင်းတွေ အသေးစိတ် လိုချင်ရင် comment မှာ ပြောပေးပါ။ Tutorial series ဆက်ရေးပေးမယ်။
Final Challenge: Share Your Setup
ဒီ guide ကို လိုက်လုပ်ပြီးသား မင်းတို့ အတွက် challenge တစ်ခု:
မိတ်ဆွေရဲ့ "Built with One Phone" project ကို share လုပ်ပါ:
- မိတ်ဆွေရဲ့ VPS setup screenshot
- ဖုန်းကနေ code ရေးပြီး deploy လုပ်ခဲ့တဲ့ project URL
- Process မှာ ကြုံခဲ့တဲ့ challenges နဲ့ solutions Share to:
- Facebook: thelapyae
- Twitter: @thelapyae
- Telegram: @thelapyae
Tag:
#BuildWithOnePhone
Remember:
Code က ပြဿနာမဟုတ်တော့ဘူး။
ပြဿနာက system thinking ပဲ။
System ချနိုင်တဲ့သူ ခိုင်းနိုင်တဲ့သူက သာသွားတော့မှာပါပဲ။
Written & deployed from a VPS, accessed via iPhone 13, while sitting on my bed in Yangon. No laptop needed. ☕️📱